ဒေါ်အောင်ဆန်းစုကြည်
ဦးဇင်းကတော့ ဟို….တစ်ချိန်းတုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခဲ့တာအမှန်ပါ။ ရွှေဝါရောင်တော်လှန်ရေးတုံးကလည်း ရဟန်းငယ်တပါးပီပီ တခြားရဟန်းတော်တွေနှင့်အတူ လမ်းလျှောက်မေတ္တာပို့သခဲ့တဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ရှေ့ထွက်ပြီး သံဃာတန်းကိုကြည့်ပြီး ကြည်ညိုနေလို့ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရလို့ ၀မ်းသာမျက်ရည်တွေကျခဲ့ပါတယ်။ အမိမြန်မာပြည်အတွက် အားလည်းကိုးခဲ့ပါတယ်။ ရွှေဝါရောင်ပြီးလို့ ရွာပြန်တဲ့အချိန်မှာလည်း အစိုးရအဖွဲ့ကို မဲမပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ကျောင်းကိုရောက်လာသူတိုင်းကို တဖွဖွပြောခဲ့ပါတယ်။ အမြဲလိုလို ဆွေမျိုးမတော်ပဲ အန်တီစုလို့လည်းပြောဆိုခဲ့ပါတယ်။
ဆက်လက်ဖတ်ရန်
ဝက်သားမစားရသောရပ်ကွက် မြန်မာတွင်ရှိသည်
စာရေးသူ အသက် ၁၈ နှစ်လောက်အရွယ်က အင်စိန်းရွာမ ပရိယတ္တိစာသင်တိုက်မှ ကျင့်ပပြုလုပ်သော စာမေးပွဲကို အင်စိန်မြို့နယ်မှာမနေပေမယ့်။ အင်စိန်းမြို့နယ်ကျောင်းတကျောင်းက စာရင်ပေးပြီး ၀င်ရောက်ဖြေဆိုခဲ့ဖူးသည်။ ရွာမပရိယတ္တိစာသင်တိုက်သည် နာမည်ကြီးသလောက် ဒကာ ဒကာမပိုးများသည်မှာ အားကျစရာဖြစ်သည်။ စာဖြေသံဃာများကို ရပ်ကွက်ရှိ ဒကာ ဒကာမများက မိမိအိမ်ကို ပင့်ဖိတ်ပြီး ဆွမ်း၊ ကွမ်း၊ န၀ကမ္မ စသည်များလှူဒါန်းကြသည်။
မိမိတို့သံဃာများသည်လည်း ဒကာ ဒကာမတို့ရဲ့လှူဒါန်းမှူးကိုလက်ခံပြီး ပရိတ်ရွတ်ဖတ်ခြင်းဖြင့်တဖန် ကျေးဇူးပြန်ဆပ်ကြသည်။ တနေ့သော ဆွမ်းစာချိန်ဝယ် ဒကာတယောက်က မိမိအပါအ၀င် သံဃာငါးပါးကို ပင့်ဆောင်ခေါ်လာသည်။ ပရိတ်တရားတော်ချီးမြင့် ဆွမ်းဘုန်းပေးရင် သံဃာတော်များ ဆွမ်းစားနေသည်ကို ကြည်ညိုနေကြသော မိသားစုများနဲ့ အလပ သံလာပ စကားပြောရင်း မြိုင်မြိုင်ဆိုင်ဆိုင် ဘုန်းပေးနေကြသည်။ ဒကာ ဒကာမတို့ရဲ့ ပင်ပန်းခက်ခဲစွာ ချက်ပြုတ်ထားသော ဟင်လျှားများသည်လည်း တော်တော်စုံသည်။ မိမိသည် လူပိန်သလောက် စကားကောင်းသောကြောင်း ဒကာမကြီး ဒကာမကြီးချက်ထားတဲ့ဟင်းတွေက တော်တော်ကောင်းပါတယ် ဘုန်းပေးလို့လည်းကောင်းပါတယ် ဒါပေမယ့် ဟင်း တမျိုးမပါတာတွေ့ရတယ်။ ဒကာမကြီး ၀က်သား မစားဘူးထင်တယ် ဦးဇင်းကတော့ ၀က်သားဟင်းတော်တော်ကြိုက်သည် ဟု ပြောလိုက်ရာ။
ဆက်လက်ဖတ်ရန်
ဗုဒ္ဓဘာသာတို့အတွက် ကဆုံလပြည့်ဗုဒ္ဓနေ့
၁။ မဟာသက္ကရာဇ် တွက်စစ်သောခါ
ကိုးဆယ့်ခုနှစ်ခု ရတုချိန်ခါ
သားနဲ့သမီး စွန့်ပြီးလို့သာ
လောင်းတော်မြတ် တောရပ်ထွက်ခဲ့ရှာ။
၂။ နော်မာကမ်းစပ် လောင်းမြတ်ရောက်လာ
သဟမ္ပတိ မည်ရှိဗြဟ္မာ
ရွှေကြာသင်္ကန်း လှူဒါန်းခဲ့ရာ
ရဟန်းမြတ် ပြုလတ်ဤနေရာ။
၃။ ဥရုဝေလ တောဝမြိုင်ခွင်
ဒုက္ကရစရိ ကျင့်ဘိအစဉ်
ခြောက်နှစ်ပတ်လုံး ကုန်ဆုံးချိန်တွင်
လောင်းသိဒ္ဓတ် ဇိနမည်ခေါ်တွင်။
၎။မဟာသက္ကရာဇ် တွက်စစ်လေလျှင်
တစ်ရာသုံးခု ခေါ်ပြုမည်တွင်
ကဆုန်လပြည့် ဤနေ့မှာပင်
လောင်းတော်ကား ဘုရားဖြစ်ဖို့ပင်။
၅။ ကဆုန်လပြည့် ချမ်းမြေ့သာယာ
ဝေလီဝေလင်း နံနက်ခင်းမှာ
အနော်မာကမ်း အလှမ်းနီစွာ
ဃနာဆွမ်း လှူဒါန်းသုဇာတာ။
၆။ ဃနာနို့ဆွမ်း လှူဒါန်းသောခါ
သုဇာတာက အားရ၀မ်းသာ
သိန်းတန်ရွှေခွက် ထည့်လျှက်စုံစွာ
စိတ်ရွင်လန်း လှူဒါန်းခဲ့လေရှာ။
၇။ ဃနာဆွမ်းမြတ် ဆက်ကပ်ပြီးခါ
အနော်မာကမ်း ကြွလှမ်း၍လာ
ဃနာရွှေခွက် ကျောက်ထက်တင်ကာ
ရေသုံးသပ် လောင်းမြတ်တို့ဆရာ။
ဆက်လက်ဖတ်ရန်
လူးသားတိုင်ထင်မြင်နေသော အတ္တကြီးသောလူမျိုးသည် ရခိုင်လူမျိုးမဟုတ်ပါ
လူသားတိုင်းသည် တခြားနိုင်ငံနှင် ကိုယ်နိုင်ငံဘောလုံးကန်ရင် ဘယ်ဌာနေ ဘယ်နေရာကို ရောက်နေပါစေ ကိုယ်နိုင်ငံကို အားပေးကြည်သည်။ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်တိုင်း ကိုယ့်ပြည်နယ်ကို အားပေးကြသည်။ တိုယ့်တိုင်းကိုယ့်ပြည်နယ်မှာ ကိုယ့်မြို့ကို အားပေးကြည်။ မြို့နယ်ပွဲတွေမှာ ကိုယ်အုပ်စုကို ပိုအားပေးကြသည်။ အုပ်စုမှာ ရွာအလိုက်ဘောလုံးကန်ရင် ကိုယ့်ရွာကို ကိုအာပေးကြသည်။ ဒါကြောင်းလည်း မိမိကိုယ်ကို မိမိချစ်သောကြောင်းဖြစ်သည်။ စာရေးသူသည် နိုင်ငံရေးကို နားမလည်သူတယောက်ဖြစ်သည်။ သို့သော ယနေအင်တာနက်သတင်းမှာ အမြဲလိုလိုတွေ့နေရသော ရခိုင်အရေးကို ဦးဇင်းသုံသတ်ချင်တာက ဒီလိုပါ။
ဆက်လက်ဖတ်ရန်
ဒို့လူမျိုး ဒို့သာသနာအတွက်
ဟင် ဟိုမှာ ကိုရင်တစ်ပါး တောထဲ ကြွသွားပါလား။ ဘာလုပ်တာ ပါလိမ့်။ ဟေးးးးးးးးးးး မူးမတ်များတို့ လိုက်ကြည့်ကြစမ်း။ ကိုရင်လေးတစ်ပါး တောထဲ ကြွသွားတာ တွေ့လိုက်တယ်။ ( ဘုရင်ကြီး သီဟရာဇသည် အပန်းဖြေ အနားယူရန် အေးချမ်းစိတ်ငြိမ်သော ဘေးမဲ့တောကြီးသို့ မူးကြီးမတ်ရာ သေနာပတိအစုံအလင်ဖြင့် ကြွရောက်လာဖြစ်ခြင်းဖြစ်သည်။ မထင်မှတ်ပဲ ဘေးမဲ့တောကြီးထဲကို ကိုရင်တစ်ပါးကြွသွားသည်ကို မြင်လိုက်ရသည်။ ဘုရင်ကို လုပ်ကြံလိုသူများသည် ပုံစံအမျိုးမျိုးဖြင့် နေတတ်ကြရာ မင်းကြီးမှာ စိုးရိမ်စိတ်ရော သိချင်စိတ်ရော ဖြစ်ရသည်။ ဒါကြောင့် ခုလို အမိန့်ပေး စေခိုင်းလိုက်ခြင်းဖြစ်သည်)။ မူးမတ်များသည်လည်း အလျင်အမြန် လိုက်သွားကြသည်။ တောထဲရောက်လို့ ဟိုရှာ ဒီရှာနဲ့ ရှာကြည့်လိုက်တော့ ဟော တွေ့ပါပြီ။ ကိုရင်လေးတစ်ပါး သစ်ပင်အကြီးကြီး တစ်ပင်အောက်မှာ တင်ပလ္လင်ခွေလျှက် ငြိမ်သက်အေးချမ်းစွာ တရားထိုင်နေသည်။ မူးမတ်များလည်း အဝေးမှပင် ဦးတင်ရှိခိုးပြီး ပြန်လာခဲ့ကြသည်။
ဆက်လက်ဖတ်ရန်
အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့
မိဘနှင့်သားသမီး ချမ်းမြေ့ပျော်ရွင်စွာ နေထိုင်ဖို့အတွက် သားသမီးတွေအနေနှင့် နောက်ထပ်ပေးဆပ်ရမယ့် အရည်အသွေးတခုကတော့ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက်ကို စောင့်ထိန်းရမယ်ဆိုတဲ့အရည်အသွေးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီအရည်အသွေးစာ မိဘတွေရဲ့တတိယမျှော်လင့်ချက်ပဲဖြစ်ပါတယ်။ မိဘတွေက ဘယ်လိုမျှော်လင့်ကြသလဲဆိုတော့ ငါတို့မွေးမြူထားတဲ့ သားသမီးတွေဟာ ငါတို့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးစဉ်ဆက်ကို မတိမ်းကော မပ,ပျောက်အောင် ဆက်လက်ဆောင်ရွက်နေကြလိမ့်မယ်လို့မျှော်လင့်ကြတာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားသမီးတွေအနေနဲ့ လေးလေးနက်နက်ထားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း အလွန်အင်မတန်မှ လေးစားမြတ်နိုးမိတဲ့အချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားရေးရော ဘာသာရေးပါ အရေးကြီးတဲ့အချက်ဖြစ်သလို အရေးကြီးတဲ့ခေတ်ကြီးလည်း ရောက်နေလို့ပါပဲ။
ဆက်လက်ဖတ်ရန်
“ဝီရသူ သဘောထား ၇/၇၄”
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပက်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
(က) ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါ
ဆက်လက်ဖတ်ရန်
နောင် ပွင့်တော်မူမည့် အရိမေတ္တေယျ( Aramaedaeya) မြတ်စွာဘုရား သမိုင်း
ချမ်းမြေ့မြိုင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နောင် ပွင့်တော်မူမည့် Aramaedaeya မြတ် စွာ ဘုရား အကြောင်း ကို ဘလော့မိတ်ဆွေများ တရားနာယူ လို့ ရအောင် တင်ပေးလိုက်ပါတယ်.
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
ဆက်လက်ဖတ်ရန်